Our Services

CATERING Service

EASY RAY Catering Service ဝန်ဆောင်မှုသည် အခမ်းအနားပွဲများ၊ မွေးနေ့အခမ်းအနားများ၊ ကုန်ပစ္စည်းမိတ်ဆက်ပွဲများ စသည့် ပွဲအခမ်းအနားအမျိုးမျိုးအတွက် ဝန်ဆောင်မှုပေးရန် အဓိကရည်ရွယ်၍ EASY RAY Co.,td မှ ၂၀၁၈ ခုနှစ်တွင် မန္တလေးမြို့တွင် စတင်မိတ်ဆက်ဆောင်ရွက်ခဲ့ပါသည်။

လူကြီးမင်းတို့ပွဲအခမ်းအနားများ၏ ဧည့်ခံကျွေးမွေးရေးကဏ္ဍအတွက် စီမံဆောင်ရွက်ရာတွင် လူကြီးမင်းတို့ အချိန်ကုန်လူပင်ပန်းသက်သာစေရန် အဓိကရည်ရွယ်ဆောင်ရွက်နေပြီး EASY RAY Co.,Ltd မှ ထုတ်လုပ်သော ကိတ်အမျိုးမျိုး၊ အအေးအမျိုးမျိုး၊ တရုတ်ဟင်းလျာ ထိုင်းဟင်းလျာများ စသည့် အစားအသောက်အမျိုးမျိုးကိုလည်း လူကြီးမင်းတို့ စိတ်တိုင်းကျ ရွေးချယ်မှာယူနိုင်မည်ဖြစ်ပါသည်။

“ အချိန်ကုန်လူပင်ပန်းသက်သာစေပြီး ဝန်ဆောင်မှုကောင်းများပေးအပ်မည် EASY RAY Catering Service ” ဆိုသည့် ဆောင်ပုဒ်အတိုင်း ကျန်နိုပ်တို့သည် ဧည်သည်များအတွက် ကောင်းမွန်သော အစားအသောက် ၊ ဖော်ရွေသော ဝန်ဆောင်မှု နှင့် ပွဲအခမ်းအနားအတွက်လိုအပ်သော အကြံဉာဏ်ကောင်းများပေးအပ်ရန် အစဉ်ကြိုးစားနေမည်ဖြစ်ပါသည်။

CATERING Service

delivery

Delivery Service

အိမ်အရောက်ပို့ဝန်ဆောင်မှုဖြင့် မှာယူစားသုံးလိုသူ Customer များအတွက် EASY RAY မှ အိမ်အရောက်ပို့ Delivery Service ဝန်ဆောင်မှုဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပြီး နံနက် (၉) နာရီမှ ည (၉) နာရီ အချိန် ထိ မှာယူသုံးဆောင်နိုင်မှာ ဖြစ်ပါတယ်။ မှာယူအားပေးသူ Customer များထံသို့ အဆင်ပြေစွာပို့ဆောင်နိုင်ရေးအတွက် (၁၂ လမ်း၊ လမ်း ၉၀ ၊ လမ်း ၅၀ နှင့် သိုးခြံသံလမ်း(ကျွဲဆည်ကန်)) အတွင်းကိုသာ Delivery ပို့ဆောင်မှု Area အဖြစ် သတ်မှတ်ပေးပို့ ဆောင်ရွက်ပေးသွားမှာပါ ။ Delivery Order မှာယူခြင်းကို Minimum Amount ဖြစ်သော ကျပ်ငွေ (၂၀၀၀) မှ စတင်လက်ခံ ပို့ဆောင်သွားမှာဖြစ်ပြီး အိမ်အရောက်ပို့ Delivery Charge အနေဖြင့် ၁၅၀၀ကျပ်သာ ကောက်ခံသွားမှာ ဖြစ်ပါတယ်။ သတ်မှတ်ထားသောArea အတွင်း မှာယူသော ကျပ်ငွေ 20,000 နှင့် 20,000 ထက်ပိုသော Order များကို အခမဲ့ ပို့ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။ အထူးဝန်ဆောင်မှုအနေဖြင့် ၇၈ လမ်း၊ ၃၅ လမ်း၊ လမ်း ၃၀ နှင့် ၇၃လမ်း မများ ကို Delivery Charge Free Zone အဖြစ် သတ်မှတ်ထားပြီး ဝန်ဆောင်ခအခမဲ့ ဖြင့် ပို့ဆောင်ပေးသွားမှာဖြစ်လို့ Delivery Hotline 09 40 441 4442 ကို အခုပဲ ဆက်သွယ်မှာယူလိုက်ပါနော်။